Labels

Wednesday, 27 June 2012


နေ့စဉ် အက်စပရင်တစ်ပြား သောက်သုံးတာကြောင့် အရေပြားကင်ဆာကို ကာကွယ်နိုင်

နေ့စဉ် အက်စပရင်တစ်ပြား သောက်သုံးတာကြောင့် အရေပြားကင်ဆာကို ကာကွယ်နိုင်ကြောင်း ကျွမ်းကျင်သူတခိျု့က ယုံကြည်ကြပါတယ်။ အက်စပရင်ဆေးဝါး ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးကို ပုံမှန်သောက်သုံးသူတွေဟာ အပြင်းထန်ဆုံး အမျိုးအစားဖြစ်တဲ့ Malignant Melanoma အပါအ၀င် အရေပြားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ၁၅ရာခိုင်နှုန်းထိ လျှော့ချနိုင်ကြောင်း သုတေသီတွေက အကြံပြုထားပါတယ်။ သုတေသီတွေက အရေပြားကင်ဆာ ရောဂါရှိသူ ၁၈၀၀၀ အပါအ၀င် လူပေါင်း၂၀၀၀၀၀ ကျော်ကို လေ့လာမှုပြုလုပ်ခဲ့ပါတယ်။

သုတေသီတွေက လေ့လာမှုမှာ ပါဝင်သူတိုင်းရဲ့ စတီးရွိုက် မပါဝင်တဲ့ အကိုက်အခဲ ပျောက်ဆေး (ဥပမာ - အက်စပရင်၊ အိုင်ဗျူပရိုဖင်) အသုံးပြုမှုကို ရှစ်နှစ်ကျော် လေ့လာခဲ့ပါတယ်။ အများစုဟာ နှလုံးရောဂါအခြေအနေ ဒါမှမဟုတ် အဆစ်ရောင်ရောဂါကြောင့် အကိုက်အခဲပျောက်ဆေးဝါး အသုံးပြုသူတွေ ဖြစ်ကြပါတယ်။ အကိုက်အခဲပျောက် ဆေးဝါးတွေကို မကြာခဏ အသုံးပြုရသူတွေဟာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေ နည်းပါးကြပါတယ်။ ဆေးသုံးရတဲ့ပမာဏ မြင့်မားလေလေနဲ့ ဆေးသုံးရချိန် ကြာရှည်လေလေ ကာကွယ်နိုင်စွမ်း ပိုများလေလေဆိုတာကို တွေ့ခဲ့ပါတယ်။ စတီးရွိုက်မပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးဝါးကို အသုံးရများသူတွေဟာ အသုံးနည်းသူတွေထက် Squamous Cell Carcinoma ဖြစ်နိုင်ခြေ ၁၅ ရာခိုင်နှုန်း လျော့နည်းပြီး Malignant Melanomaဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ပါတယ်။ Basil Cell Carcinoma အမျိုးအစား ဖြစ်နိုင်ခြေကိုမူ ထိရောက်မှုမရှိဘူးလို့ သိရပါတယ်။

No comments:

Post a Comment