Phoneနဲ့ ပတ်သတ်တဲ့ အမေးအဖြေလေးတွေပါ။အရမ်းကြီး စုံစုံလင်လင်မဟုတ်တောင်.. တော်တန်ရုံကြုံတွေ့ရတဲ့ ပြဿနာ တွေ အားလုံးကိုတော့ ခြုံငုံမိမှာပါ။ အားလုံး အဆင်ပြေဖို့အတွက် တွေ့ရှိသလောက်ကို ကူးယူဖော်ပြထားပါတယ်။
iPhone မှာ Lock code လည်းဖြည်ထားတယ် ဖုန်းလည်းပြောလို့ရတယ်။ ဒါပေမယ့် အခြား Application တွေထည့် လို့မရတာ ဘာကြောင့်ပါလဲ။
iPhone မှာ Lock code ကိုဖြည်ထားရုံနဲ့ Application တွေ ထည့်လို့ မရနိုင်ပါဘူး။ တခါတလေမှာ Lock code ဖြည်ထားတာက ဖုန်းပြောလို့ရရုံအတွက် Sim Card Lock ကိုပဲ ဖြည်ထားတာပါ။ အဲဒါကြောင့် ဖုန်းပဲပြောလို့ရတာပါ။
အခြား iPhone Application တွေကို ထည့်ချင်တယ် ဆိုရင်တော့ ဖုန်းကို modified လုပ်သလိုမျိုး jailbreak ပြန်လုပ်မှ ရပါမယ်။ ဒါမှ Application တွေကို ထပ်ထည့်နိုင်မှာပါ။


























