အသက်ရည်ရှည်နေချင်ရင် ဆေးလိပ်သောက်တာလျှော့....
 ယခင်က ဆေးလိပ်သောက်ခဲ့ပြီး ယခုဆေးလိပ်ဖြတ်လိုက်သူတွေဟာ
 ဆေးလိပ်မဖြတ်ဘဲ ဆက်လက်သောက်သုံးနေသူတွေထက် ပိုမိုအသက်ရှည်ကြောင်း 
လေ့လာမှု၁၇ခုအရ သိရပါတယ်။ အသက်၆၀နဲ့အထက် ဆေးလိပ်သောက်သူတွေဟာ 
ဆေးလိပ်မသောက်သူတွေထက် အသက်၆၀ နောက်ပိုင်းမှာ သေဆုံးနိုင်ခြေ 
၈၃ရာခိုင်နှုန်း ပိုများကြောင်း၊ ယခင်က ဆေးလိပ်သောက်ပြီး 
ယခုဆေးလိပ်ဖြတ်ထားသူတွေဟာ ဆေးလိပ်လုံးဝမသောက်သူတွေထက် သေဆုံးနိုင်ခြေ
 ၃၄ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရှိခဲ့ပါတယ်။ ဗြိတိန်မှ လေ့လာမှုတစ်ခု 
အရလည်း  ဆေးလိပ်မသောက်သူ ၅၉ရာခိုင်နှုန်းဟာ အသက် ၈၀ထိ အသက်ရှင်နေကြပြီး 
ဆေးလိပ်သောက်သူတွေ ၂၆ ရာခိုင်နှုန်းသာ အသက် ၈၀ထိအသက်ရှည်တယ်လို့ 
တွေ့ရှိခဲ့ပါတယ်။
 
 အသက်၄၀ မတိုင်ခင် ဆေးလိပ်ဖြတ်သူတွေဟာ ဆေးလိပ်လုံးဝမသောက်သူတွေနဲ့
 သေဆုံးနှုန်း တူညီတယ်လို့ ဆိုပါတယ်။ ဆေးလိပ်သောက်သူအများစုဟာ 
ဆေးလိပ်သောက်တာကြောင့် ဖြစ်လာမယ့်ဆိုးကျိုးတွေကို လျှော့တွက်ကြပါတယ်။ 
ဆေးလိပ်သောက်တဲ့အသက်ကြီးသူ အများစုဟာလည်း သူတို့တွေ ဆေးလိပ်ဖြတ်ဖို့ 
အသက်ကြီးနေတာကြောင့် ဆေးလိပ်ဖြတ်တဲ့ အကျိုးကျေးဇူးတွေ 
သိပ်မရနိုင်တော့ဘူးလို့ ထင်နေကြပါတယ်။အမှန်မှာတော့ ဆေးလိပ်ဖြတ်လိုက်တာနဲ့ 
လက်ငင်းကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ဆေးလိပ်မှာ 
ပါဝင်တဲ့ဓာတုပစ္စည်းတွေဟာ ဆဲလ်တွေ ပျက်စီးစေနိုင်ပြီး ဆေးလိပ်ပိုသောက် 
သူတွေဟာ ဆေးလိပ်လျှော့သောက်သူတွေ ထက် အသက်ပိုတိုစေနိုင်တယ်လို့ ဂျာမန်မှ 
သုတေသီတွေက ယုံကြည်ကြပါတယ်။
 News
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment