Labels

Wednesday, 27 June 2012


ညအချိန်တွင် အလုပ်ဆင်းရသည့် အမျိုးသမီးများ သားမြတ်ကင်ဆာဖြစ်နိုင်ခြေ မြင့်မား ။

တစ်ပတ်ကို နှစ်ကြိမ်ထက်ပိုပြီး ညပိုင်းအလုပ်ဆင်းရတဲ့ အမျိုးသမီးတွေဟာ သားမြတ်ကင်ဆာဖြစ်နိုင်ခြေ မြင့်မားလာကြောင်းကို Dannishမှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ယနေ့ခေတ် ဘ၀နေထိုင်မှုပုံစံအရ အမျိုးသမီးတွေ ၁၀ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းဟာ ညပိုင်းအလုပ်ဆင်းရလေ့ရှိပါတယ်။ညဘက်အလုပ်ဆင်းရတာကြောင့် ညအချိန်မှာ အလင်းရောင်နဲ့ထိတွေ့ရတဲ့အတွက် မယ်လတိုနင် ဟော်မုန်းထုတ်လုပ်မှုတွေ ကျဆင်းသွားပါတယ်။ မယ်လတိုနင်ဟော်မုန်းဟာ တခိျု့ကင်ဆာတွေကို ကာကွယ်ထားနိုင်လို့ပါလို့ ကိုပီဟေဂင်မှ ကင်ဆာအဖွဲ့ခေါင်းဆောင် ဟန်ဆန်က ပြောပါတယ်။ ဒါ့အပြင် ညဘက်မှာအလင်းရောင်နဲ့ ထိတွေ့နေတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝနရီလည်း ပျက်စီးသွားနိုင်ပါတယ်။ ဦးနှောက်က ပင်မနာရီဟာ ခန္ဓာကိုယ်တွင်း အင်္ဂါမှ ဇီဝနရီတွေနဲ့ လိုက်လျောညီထွေမှု မရှိတော့တာကြောင့် သားမြတ်ကိုလည်း ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ညဘက် အလုပ်ဆင်းတာကြောင့် အိပ်ရေးမ၀တာတွေဖြစ်လာပြီး ခုခံအားစနစ်လည်း ကျဆင်းလာတဲ့အတွက် ကင်ဆာဆဲလ်ကြီးထွားမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ သုတေသနပြုသူတွေဟာ အမျိုးသမီးပေါင်း ၁၈၅၀၀ကို ၁၉၆၄ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း သူတို့ရဲ့ အလုပ်ချိန်ဇယား၊ဘ၀နေထိုင်မှုပုံစံ၊ သန္ဓေတားဆေးနဲ့ ဟော်မုန်းအစားထိုး ကုသမှုလိုမျိုး တခြားအချက်တွေအပြင် နေလောင်ဒဏ်ခံတဲ့ အကျင့်တွေကိုပါ ထည့်သွင်းပြီး လေ့လာခဲ့ပါတယ်။ လေ့လာမှုအရ ညဘက် အလုပ်လုပ်ရသူတွေဟာ သားမြတ်ကင်ဆာဖြစ်နိုင်ခြေ ၄၀ရာခိုင်နှုန်းမြင့်မားပြီး တစ်ပတ်ကို အနည်းဆုံး သုံးကြိမ်နှုန်းနဲ့ အနည်းဆုံး ခြောက်နှစ် ညဘက် အလုပ်ဆင်းရသူတွေဟာ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ နှစ်ဆမြင့်မားကြောင်း တွေ့ရှိခဲ့ပါတယ်။ ညဘက်အလုပ်ဆင်းရတဲ့ အမျိုးသားတွေမှာမူ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ များကြောင်းလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

No comments:

Post a Comment