စိတ်ဝင်စားစရာကောင်းတဲ့ အမေးအဖြေလေး တစ်ခုဖတ်မိပါတယ်။ စိတ်ပါသူများ ဖြေကြည့်နိုင် ပါတယ်။ Motorola ဆိုရင် လူတိုင်းသိကြပါတယ်။ အဲဒီ ကုမ္ပဏီက ၀န်ထမ်းအသစ်တွေ ခေါ်တော့ ဒီလိုဥာဏ်စမ်း တစ်ခုကို မေးခဲ့တယ်။ သိတဲ့လူ ဖတ်ဖူးတဲ့လူတွေ ရှိကြမယ်လို့ ထင်ပါတယ်။
“လေပြင်းမုန်တိုင်းကျတဲ့ ညတစ်ညမှာ သင်ဟာ ကားမောင်းလာတယ် ဆိုပါစို့။ ကားမှတ်တိုင် တစ်ခုကို ဖြတ်တဲ့ အချိန်မှာ မှတ်တိုင်မှာ လူသုံးယောက်စောင့်နေတာကို သင်တွေ့လိုက်မယ်။ တစ်ယောက်က အလွန်သနား စရာကောင်းတဲ့ လူမမာ အဘိုးအိုတစ်ဦး၊ နောက်တစ်ယောက် က သင့်အသက်ကို ကယ်ခဲ့ဖူးတဲ့၊ သင်အရမ်း ကျေးဇူးဆပ်ချင်နေတဲ့ ဆရာဝန်တစ်ဦး၊ နောက်ဆုံးတစ်ယောက်က သင်အိပ်မက် မက်တိုင်း မြင်မက်တတ်တဲ့၊ သင့်ရင်ကိုခုန်စေတဲ့ အိပ်မက်ထဲက ချစ်သူ။ သင့်ကားဟာ လူတစ်ယောက်ပဲ ဆန့်တဲ့အတွက် တစ်ယောက်ကိုပဲ သင်ရွေးရလိမ့်မယ်။ ဘယ်တစ်ယောက်ကို သင်ရွေးမလဲ.
No comments:
Post a Comment