Umnuayporn Tongprapai လို့ခေါ်တဲ့ ထိုင်းအမျိုးသမီးဟာ
အ၀လွန်ရောဂါကိုခံစားနေရပြီး ဘန်ကောက်မြို့မှာ လူနာတင်ယဉ်ပေါ်သို့
ဝန်ချီစက်အကူအညီနဲ့ရွေ့ပြောင်းနေခြင်းဖြစ်ပါတယ် ။ ၂၇၄ ကီလိုဂရမ် (၆၀၂.၈
ပေါင်) လေးတဲ့ ဒီအမျိုးသမီးဟာ ထိုင်းနိုင်ငံမှာ အ၀ဆုံးအမျိုးသမီးဖြစ်ပြီး
သူမဟာ အိမ်ခန်းထဲကနေ သုံးနှစ်အတွင်း ယခုလို ပထမ ဆုံးအကြိမ်
အပြင်ထွက်ခွင့်ရခြင်းပဲဖြစ်ပါတယ် ။ ကြာသပတေးနေ့က ဘန်ကောက်မြို့တော်
မှဝန်ချီစက်တွေအကူအညီနဲ့ ရွေ့ပြောင်း ခဲ့ရခြင်းဖြစ်ပါတယ် ။
သူမနေထိုင်ရာ သုံးထပ်မြောက်ကနေပြီး ထရော်လီအကူအညီနဲ့ သယ်ချနေပုံဖြစ်ပါတယ် ။
ထိုင်းနိုင်ငံမှ Volunteer တစ်ယောက်က သူမကို ကူညီပြီးရွေ့ပြောင်းပေးနေပုံပဲဖြစ်ပါတယ် ။
No comments:
Post a Comment