ကျွန်တော်တို့ မြန်မာနိုင်ငံမှာ
ဘာသာ၊လူမျိုးသာ ကွဲချင်ကွဲမည် ရေနွေးကြမ်း၊လက်ဖက် နှင့်လက်ဖက်ရည် ကတော့
အားလုံးနီးပါး အကြိုက်ညီကြမည် ထင်ပါသည်။ ဧည့်သည်လာလျှင်
ရေနွေးကြမ်းနှင့်လက်ဖက်ပွဲ တွဲ၍ ဧည့်ခံသည်မှာမြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံ ပင်ဖြစ်သည်။ထမင်းကြမ်းကို လက်ဖက်နှင့်နယ်စားပြီး ရေနွေးကြမ်း သောက်သည့် အလေ့အထ အိမ်တိုင်းမှာရှိမည်ထင်ပါသည်။အမျိုးသား၊အမျိုးသမီးမရွေး မိတ်ဆွေ၊ သူငယ်ချင်း
များနှင့် လက်ဖက်ရည်ဆိုင် တွင်ဆုံပြီး အတူတကွ စကားတပြောပြောနှင့်
လက်ဖက်ရည်သောက်ဖူး မည် ထင်ပါသည်။ထိုယဉ်ကျေးမှု ဓလေ့ထုံးစံမှာ
ချစ်စရာကောင်းယုံမျှမက ကျန်းမာရေးအရလည်း အလွန်သင့်တင့် ကောင်းမွန်
ကြောင်းကို ကျွန်တော်ဖတ်မိသမျှ တင်ပြလိုက်ပါသည်။
လက်တွေ့လေ့လာ
တွေ့ရှိချက်များအရ လက်ဖက်ရည်သောက်ခြင်း၏ အကျိုးကျေးဇူးများမှာ လစ်လျှုရှု၍မရ
အောင်ပင် များပြားလှပါသည်။ နေ့စဉ်လက်ဖက်ရည် သောက်သုံးခြင်းအားဖြင့်
ရရှိလာမည့်ရေရှည် အကျိုး ကျေးဇူးများကား အံ့သြကုန်နိုင်ဖွယ်ဖြစ်သည်။
ပိုလီဖနောဓာတ်(polyphenols) အမြောက်အမြားပါဝင်သော လက်ဖက်ရွက်က လူ့ခန္ဓာကိုယ်တွင် ကင်ဆာ ဆဲလ်တိုးပွားများပြားလာခြင်းကို ကာကွယ်ဟန့်တား လျှော့နည်းစေပါသည်။ သိပ္ပံနည်းကျ အကြိမ်ကြိမ် အခါခါ လေ့လာစမ်းသပ်မှုများအရ လက်ဖက်ရည်ကို နေ့စဉ်ပုံမှန်သောက်သုံးသူများတွင် လည်ချောင်းကင်ဆာ၊ သားမြတ် ကင်ဆာ၊ အူကင်ဆာ၊ ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ချေ နည်းပါးကြောင်းသိရှိရပါသည်။
အရေပြားယားခြင်း၊ အဖုအပိန့်ထွက်ခြင်း၊ ပိုးကောင်ငယ်များ ကိုက်ခြင်းကြောင့်
အရေပြားယောင်ယမ်းခြင်း များ ဖြစ်ပွားပါက လက်ဖက်ရည်ကြမ်းအား
ဂွမ်းနှင့်တို့၍ ထိုနေရာများကို သုတ်လိမ်းပေးခြင်းအားဖြင့် သက်သာ
ပျောက်ကင်းစေနိုင်ပါသည်။ ထိခိုက်ရှနာဒဏ်ရာရရှိပြီး အရေးပေါ်လိုအပ်လျှင်
သဘာဝပိုးသတ်ဆေး ပါဝင်သောလက်ဖက်ရည်(ဖန်ရည်)ကို ဒဏ်ရာများဆေးကြောရာတွင် အရက်ပျံအစား အသုံးပြုနိုင်ပါသည်။
ထို့ပြင် အပူလောင်ခြင်း၊နေလောင်ခြင်း
ဖြစ်ပွားပါက ထိုနေရာများအား လက်ဖက်စိုရွက်ကို အုံပေးခြင်းဖြင့်
သက်သာစေပါသည်။ လေ့လာမှုများအရ လက်ဖက်ရွက်သည် အရေပြားကင်ဆာ
ဖြစ်ပွားခြင်းကိုလည်း ဟန့်တား နိုင်စွမ်းရှိပါသည်။
ထိုအကြောင်းရင်းကြောင့်ပင် ယနေ့နောက်ဆုံးပေါ် နေလောင်ခံလိမ်းဆေးများနှင့် အသားအ ရေစိုပြေစေသော လိမ်းဆေးများတွင် လက်ဖက်ရွက် အသုံးပြုမှု တိုးတက်များပြား လာရခြင်းဖြစ်ပါသည်။
သွေးပေါင်ချိန် ၁၂၀/၈၀
အောက်ရှိနေခြင်းသည် ကောင်းမွန်သောကျန်းမာရေးကို ဖော်ညွှန်းခြင်းဖြစ်ပါသည်။
အံ့သြဖွယ် ကောင်းသည်မှာကား နေ့စဉ် လက်ဖက်ရည်ခွက်တ၀က် သောက်သုံးသူများသည်
မသောက်သုံး သူုများနှင့်နှိုင်းယှဉ်ပါက သွေးပေါင်ချိန်မြင့်မားမှု
နည်းပါးပါသည်။လက်ဖက်ရွက်တွင် ပါဝင်သော ပိုလီရာနောဓာတ် ကြောင့်ပင်ဖြစ်ပါသည်။
လက်ဖက်ရည်သည်နှစ်ခြိုက်စွာအိပ်မောကျခြင်းကို အနှောက်အယှက်ဖြစ်စေနိုင်သဖြင့်
ညနေချိန် များတွင် မသောက်သုံးသင့်ပါ။ အခြားတဖက်တွင်လည်း လက်ဖက်ရည်ကို
တရက်လျှင်နှစ်ခွက် သောက်သုံးပါက ဦးနှောက်ကိုကြည်လင် လန်းဆန်း စေသည်သာမက
ဦးနှောက်တွင်သွေးကြောပိတ်ဆို့မှု ပြသာနာကိုရှင်းလင်း ပေးပါသည်။
လက်ဖက်တွင်ပါဝင်သော antioxidentsများက ဦးနှောက်တွင်ရှိသော
ပျက်စီးယိုယွင်းနေသည့် နာဗ်ကြောများအား သန့်ရှင်းပေးခြင်းအားဖြင့်
အယ်ဇိုင်းမားရောဂါ(Alzheimer's)နှင့် ပါကင်ဆန်ရောဂါ (Pakinson's) ဖြစ်ပွားရန်အခွင့်အလမ်းကို လျှော့နည်းစေပါသည်။
လက်ဖက်ရည်သောက်ခြင်းအားဖြင့်
သွေးလွှတ်ကြောများတွင် ကပ်ညိနေသော အညစ်အကြေးများကို သန့်ရှင်း
စင်ကြယ်စေသောကြောင့် ရုပ်ပျိုကိုယ်နုစေရုံသာမက လေဖြတ်ရောဂါဖြစ်ပွားမှု
အန္တရာယ်ကိုလျှော့နည်း ကျဆင်း စေပါသည်။အခြားတဖက်တွင်လည်း
သွေးလွှတ်ကြောများတွင် ပိတ်ဆို့နေသောအဆီ(ကိုလက်စထရော) ကိုလျှော့နည်းစေပြီး ကိုယ်အလေးချိန်ကိုလျှော့ကျစေသောကြောင့် ၀ိတ်လျှော့လိုသော အမျိုးသား၊အမျိုးသမီး
များသည် လက်ဖက်နှင့်လက်ဖက်ရည်ကို ပုံမှန်သောက်သုံးသင့်ပါသည်။
No comments:
Post a Comment