Labels

Friday, 27 July 2012

အလှပလေးတွေ တိုးလာအောင် လုပ်ဆောင်ချက်လေး ......




လူတစ်ယောက်ရဲ့ မျက်နှာလေးတစ်ခုဟာလည်း သိပ်ကို အရေးကြီးပါတယ်။ လှလှ မလှလှ ပုံစံ ကျကျ မကျကျ တစ်ခုချင်း အစိတ်အပိုင်း တွေက ကြည်လင်နေမယ်။ ရှင်းသန့် သပ်ရပ်နေရမယ်။

သွားလေးဆိုလည်း ဖွေးနေမယ်။ မျက်နှာ အသားအရေဟာလည်းကြည်လင်နေမယ် စသဖြင့် အစိတ်အပိုင်း တိုင်းဟာ ရှင်းသန့် နေမယ်ဆိုရင် အများအလယ်မှာ တင့်တယ် ပါလိမ့်မယ်။

သွားလေးတွေ ပုလဲစီသလို လှပအောင်

ပုလဲလေးတွေ စီသလို သွားလေးတွေ ဖွေးသန့် ဖို့  ဈေးကြီးတဲ့ သွားတိုက်ဆေးတွေ ၀ယ်မ သုံးနိုင်ရင် ၀မ်းမနည်းပါနဲ့ ။ သံပုရာ ရည်တစ်ဇွန်း၊ ဆိုဒါတစ်ဇွန်း၊ ဆားဇွန်းဝက် ရှိရင် ဖြူဖွေးလှပအောင် စွမ်းဆောင်နိုင်တဲ့ သွားတိုက်ဆေး ကို ရရှိနိုင် ပါတယ်။ ဒီပစ္စည်း သုံးမျိုးကို ရောမွှေပြိးရင်မနက် ည နှစ်ကြိမ် တိုက်ပါ။ အကုန်သက်သာတဲ့နည်းနဲ့  မယုံရင် စမ်းကြည့်ဖြူဖွေး တောက်ပ နေစေရမယ်လို့ အာမခံပါတယ်။

Sunday, 22 July 2012

ဗိုလ်ချုပ်အောင်ဆန်း မင်္ဂလာပွဲ



ဒီပုံကို ဗိုလ်ချုပ်အောင်ဆန်း မင်္ဂလာဆောင် ဓာတ်ပုံ ဆိုပြီး Facebook မှာ လက်ဆင့်ကမ်းနေကြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဝတ်ခဲ့တဲ့ သတို့သားဝတ်စုံက အဖြူရောင် မဟုတ်ပါဘူး။
မှတ်တမ်းတွေအရ သိရတာက မင်္ဂလာပွဲဟာ ခမ်းခမ်းနားနား မဟုတ်ခဲ့ပါဘူး။



ဗိုလ်ချုပ်အောင်ဆန်းရဲ့ မင်္ဂလာပွဲ အကြောင်း မင်းချမ်းမွန် ရေးခဲ့ဖူးပါတယ်။
ရွှေအမြုတေ ၀က်ဆိုက်မှာ ပြန်ဖတ်နိုင်ပါတယ်။
ဒေါက်တာ မြင့်ဆွေရဲ့ ဂျပန်ခေတ် ဆေးရုံကြီးပေါ်ဝယ်၊ ဒဂုန်တာရာရဲ့ အောင်ဆန်း (သို့မဟုတ်) အရိုင်း စာအုပ် ၂ အုပ်ကို သူ ဖတ်ရှု ခံစားရေးဖွဲ့ထားတဲ့ထဲက ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

သူဆေးရုံက ဆင်းသွားပြီး တစ်နေ့သော ညနေခင်းတွင် သူက ဆရာမအား ညစာ ထမင်းစားရန် ဖိတ်ပါသည်။ ထိုဒင်နာတွင် ဆရာမကို သူ၏ ဘ၀ ခရီးဖော်အဖြစ် လက်တွဲရန် ခွင့်ပန်ရာ ဆရာမလည်း မငြင်းသာတော့ဘဲ ခေါင်းညိတ်ခဲ့ ရလေသည်။ သို့ဖြင့် ၁၉၄၂ ခု၊ စက်တင်ဘာ ၆ ရက်နေ့၊ နေ့လယ် ၂ နာရီတွင် ဂျပန်ခေတ် ဆေးရုံကြီးပေါ်မှာပင် မင်္ဂလာပွဲ ဆင်ယင်ကျင်းပ ဖြစ်သွားလေသည်။ သတို့သားက စစ်ဝတ်စုံကို ၀တ်လျက် ဂျပန် စစ်ဦးထုပ်ကို ဆောင်းပြီး သတို့သမီးနှင့် ယှဉ်တွဲကာ အပျိုရံ၊ လူပျိုရံများဖြင့် ခြံရံကာ ရောက်ရှိလာသည်။

အဲဒီမှာ...။
“သစ္စာမဏ္ဍိုင်___မြဲခိုင်ခဲ့ပေ__ မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ___ အသည်းမှာ စွဲမက် အသက်ကို ပုံတယ်လေ” ဟူ၍ ကစ်တီဘသန်း (ဒေါ်ခင်မေသန်း)၏ စန္ဒရား လက်သံနှင့် အတူ ဆရာကြီး ဒေါက်တာ ဦးဘသန်းနှင့် သမီးတို့က သူ့အသည်းစွဲ သက်ဝေ သီချင်းဖြင့် မင်္ဂလာလက်ဖွဲ့သီချင်း ဖျော်ဖြေပေးခဲ့ကြသည်။ ထိုပွဲတွင် အမှတ်မထင် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါသေးသည်။

မင်္ဂလာ အခမ်းအနားသို့ ရောက်လာသော သတို့သားနှင့် သတို့သမီးတို့အား ခန်းမထဲမ၀င်မီ ဆေးရုံကြီးမှ ကိုကျော့မောင်နှင့် အခြားတစ်ဦးက အပေါက်ဝမှ ဆီး၍ ရွှေကြိုးဖြင့်တားသည်။ တိုင်းပြည် လွတ်လပ်ရေးမှ လွဲ၍ အခြားဘာကိုမှ စိတ်မ၀င်စား၊ လောက၀တ် ဓလေ့ထုံးတမ်းများကိုလည်း နားမလည် ဂရုစိုက်လေ့ မရှိသော သတို့သားသည် သူ့ရှေ့တွင် တားလာသည့် ရွှေကြိုးကို သူ့ညာလက်ဖြင့် ဖျတ်ခနဲ ဆောင့်ဆွဲကာ ဘေးသို့ လွှင့်ပစ်လိုက်ပြီး သတို့ သမီးလက်ကို ဆွဲလျက် တည်ကြည်သော မျက်နှာလေးနှင့် ဣနြေ္ဒရရ ခြေလှမ်းမှန်မှန်ဖြင့် မင်္ဂလာစင်မြင့်ဆီသို့ ဆက်လက် လျှောက်သွားလေသည်။

အဖြစ်အပျက်က လျှပ်ပြက်သလို မြန်ဆန်လွန်းရာ သူ့အပြုအမူကို အားလုံးက မှင်တက်မိကာ အံ့အားသင့်သွားကြသော်လည်း သူကတော့ ဘာမှ မဖြစ်သလိုပါပဲ။ သူကား အဲသလို လူစားမျိုး ဖြစ်သည်။

ကစားလည်းကစား စားလည်းစား



အသက် ၁၈ နှစ်အရွယ် ထိုင်ဝမ်လူငယ်တယောက် နာရီပေါင်း ၄၀ ကြာ ဂိမ်းဆက်တိုက်ကစားပြီး ဇူလိုင်လ ၁၅ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

ထမင်းမစား ဟင်းမစားဘဲ ထိုင်ဝမ် တောင်ပိုင်းက အင်တာနက်ဆိုင်တဆိုင်မှာ Diablo III ကို ကစားပြီး သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

ဒီလူငယ်နဲ့ဆိုရင် ထိုင်ဝမ်မှာ ဒီနှစ်အတွင်း ဗွီဒီယိုဂိမ်းကစားရင်းသေတာ ၂ ယောက် ရှိပါပြီ။

ကားလမ်းပိတ်ဆို့မှုဖြစ်သွားစေတဲ့ ကိုယ်လုံးတီး တရုတ်အမျိုးသား



မွေးရာပါ ၀တ်စုံနဲ့ တရုတ်အမျိုးသား တဦးက ရဲကားကို အလေးပြုနေပုံ ။ ဓာတ်ပုံများ- Daily Mail Reporter
တရုပ်နိုင်ငံ Anhui ပြည်နယ်အတွင်းက Hefei မြို့လယ်ကောင် လူစည်ကားရာ လမ်းမပေါ်တွင် တရုပ် ကင်းလှည့်ရဲကားကို ကိုယ်လုံးတီး တရုတ် အမျိုးသားက လမ်းပေါ်တက်အလေးပြုမှုကြောင့် လမ်းပိတ် ဆို့မှုဖြစ်ပွားခဲ့တာကို ဇူလိုင်လ ၁၈ ရက်နေ့က Daily Mail အွန်လိုင်း သတင်းတွေမှာဖော်ပြထားပါတယ်။

ဒီတရုတ် အမျိုးသားဟာ အစောပိုင်း ဘောင်းဘီတိုဝတ်ထားစဉ်မှာလည်း လမ်းမပေါ်က ကားရှေ့ ကာ ဟန့်တား
တာ၊ ကားဘောနက်အဖုံးပေါ် တက်တာစသဖြင့်လည်း လုပ်ခဲ့ပါသေးတယ်။




တနေရာမှာတော့ အမျိုးသမီးမောင်းလာတဲ့ ကား ဘောနက်ပေါ် တက်ထိုင်ပြီး သူက ကိုယ်လုံးတီးနဲ့ အမျိုးသမီး ကို လက်ညှိုးထိုးနေတဲ့ ပုံတခုလည်း မြင်တွေ့ရမှာပါ။

Friday, 20 July 2012

တစ်လအတွင်း အမြန်ပိန်စေနည်း၏ လှို့ဝှက်ချက်များ






အောက်မှာဖော်ပြထားတဲ့အချက် ၁၀ ချက်ကို တိတိကျကျ တသွေမတိမ်းလိုက်နာဖို့ လိုပါတယ် ။ တစ်ခုခုကို မလိုက် နာပဲ ပျက်ကွက်ခဲ့ရင်တော့ သင့်ရဲ့အမြန်ပိန်စေရေး အိပ်မက်ဟာပျက်ပြယ်သွားမှာ အမှန်ပါပဲ ။ အချက် ၁၀ ချက် လို့ ခွဲထားပေမယ့် ။ အဓိက ခွဲထွက်လာတာ ၃ ချက်ပဲရှိပါတယ် ။

၁ ။ အစားအသောက် အာဟာရပုံစံ
၂ ။ အပြုအမူအလေ့အကျင့် နေထိုင်မှုပုံစံ
၃ ။ ဆေးဝါးအကူအညီရယူခြင်း စသည်တို့ပဲဖြစ်ပါတယ် ။

ပိန်ချင်တဲ့သူအများစုကအထက်ပါ အုပ်စု ၃ ခုထဲက တစ်ခုခုကိုသာ ရရှဖို့ ကြိုးစားနေသူတွေများပါတယ် ။ ဥပမာ ပိန်သေးသောက်နေတဲ့သူဆိုရင် ငါပိန်ဆေးသောက်နေတာပဲ သူ့အလိုလိုပိန်လာမှာပေါ့ ကျန်တာမလိုပါဘူးဆိုပြီး အစားလည်းမလျော့ လေ့ကျင့်ခန်းလည်းမလုပ်ပဲနေလေ့ရှိတယ် ။ အဲဒီလိုနည်းလမ်းနဲ့ သိသိသာသာပိန်သွားတာ သင်တွေ့ဖူးပါသလား ။ တကယ်ပိန်ချင်ရင် သင်ဟာ တကယ်စိတ်အားထက်သန်နေဖို့လည်းလိုတယ် ။ အောက် မှာ ဖော်ပြထားတဲ့အချို့အချက်တွေကို သင့်အနေနဲ့သိပ်အရေးမပါဘူးလို့ ထင်ကောင်းထင်လိမ့်မယ် ။ ဒါပေမယ့် အတကယ် အကျိုးထူးတဲ့အတွက် သင်တိတိကျကျလုပ်ဆောင်ပါ ။ အောက်ပါ ၁၀ချက်ကို လိုက်နာယုံနဲ့ 70 kg , 80 kg 100kg သမားတွေကို 50kg, 60 kg လောက်ထိ လျော့ချပေးနိုင်တယ်ဆိုတာ သင်အံ့သြဖွယ် ရာတွေ့လာပါလိမ့်မယ် ။ ကဲဘာတွေလုပ်သင့်သလဲ ဘာတွေလုပ်ရမှာလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

၁ ။ ပထမဆုံး လုပ်ရမှာကတော့ သင့်ရေချိုးခန်း ၊ အလှကြည့်မှန် ၊ သနပ်ခါးစတဲ့ မှန်တွေရှိတဲ့နေရာမှန်သမျှ မှာ “ ငါ သည် တစ်လအတွင်း မုချ ပိန်ကိုပိန်ရမယ် ” ဆိုတဲ့ စာကြောင်းကို ခပ်ထင်းထင်းဖြစ်အောင် ၊ ဆော့ပင် သို့မ ဟုတ် correction pen ဖြင့် ရေးရပါမည် ။ အသံထွက်၍လည်း ယုံကြည်မှုအပြည့်ဖြင့် ဖတ်ရပါမည် ။

၂ ။ ပုံမှန်အစားအသောက် စားတဲ့အလေ့အကျင့်ကို မွေးမြူရပါမယ် ။ ပိန်ချင်တယ်ဆိုရင် စားချင်တဲ့အချိန် စား လို့မ ရပါဘူး ။ အချိန်သတ်မှတ်ပါ ။

-မနက်စာစားချိန် ၊ နေ့လည်စာစားချိန် ၊ ညစာစားချိန် ( ဒီ ၃ နပ်ထက်မပိုရပါဘူး ။ နေ့တိုင်း အချိန်အ တိအကျ တိုင်းအစားပါ ။ ဒါကို Regular Eating pattern လို့လည်းခေါ်တယ် ။

Thursday, 19 July 2012

မန်မာ့သတင်း » တရုတ်နိုင်ငံက မြန်မာမှ အမဲသားတင်ပို့မှုကို ပိတ်ပင်လိုက်ပြီ

ရန်ကုန်၊ ဇူလိုင်-၁၇
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသော အသားထွက်ကုန်ပစ္စည်းများတွင်
ခွာနာလျှာနာရောဂါရှိနေသောကြောင့် လက်မခံနိုင်ဟုဆိုကာ အေးခဲအမဲသားများ
တင်ပို့နေမှုကို လုံးဝပိတ်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ အကြောင်းကြားစာသည် ဇူလိုင်လဆန်းတွင် UMFCCI (မြန်မာနိုင်ငံ
 ကုန်သည်/စက်မှုအသင်းချုပ်)သို့ ရောက်ပြီးနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
 ညွှန်ကြားရေးမှူးချုပ်ထံမှတစ်ဆင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က
လက်ခံရရှိထားကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၁)
ဦးဝင်းစိန်ကဇူလိုင် ၁၇ ရက်တွင်ပြောသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံ

» နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံ
က၇င်အ`်ကျီကရှေနဲ့အနောက်မှားနေသလားလို့ပါ