သမိုင်းတကျော့ပြန်
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို အတိုချုပ်ပြောရရင် ၁၉၈၉ ခုနှစ် ဗကပပြိုကွဲအပြီးမှာ စတင်ခဲ့တာဖြစ်တယ်။
ဗကပပြိုကွဲအပြီးမှာ လူမျိုးစုလိုက်ပြီး ဗကပလက်နက်ကိုင်တပ်ဖွဲ့ကြီး ၄ ပိုင်း ကွဲထွက်သွားတယ်။ ဒီအဖွဲ့တွေကတော့ ဦးပေါက်ယိုချန်း ခေါင်းဆောင်တဲ့ UWSA ဝသွေးစည်းညီညွတ်ရေးအဖွဲ့၊ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင် ခေါင်းဆောင်တဲ့ MNDA မြန်မာနိုင်ငံလူမျိုးစုများ မဟာမိတ်တပ်ပေါင်းစုအဖွဲ့၊ ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ NDAA အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့နဲ့ ဦးဇခုန်တိန်ယိန်း ခေါင်းဆောင်တဲ့ NDAK ဒီမိုကရေစီသစ်တပ်မတော် (ကချင်) စတဲ့ အဖွဲ့ ၄ ဖွဲ့ ဖြစ်တယ်။
၁၉၈၈ ခုနှစ်မှာ အရေးအခင်းကြီးဖြစ်တယ်။
၈၈ အရေးအခင်းဖြစ်ပြီး တနှစ်အကြာမှာ လက်နက်အင်အား စစ်ရေးအတွေ့အကြုံကောင်းတဲ့ ဗကပတပ်ကြီး ပြိုကွဲသွားတယ်။ ဒီအချိန်မှာ ထိုင်း-မြန်မာနယ်စပ်မှာလည်း မာနယ်ပလောမှာ ကေအန်ယူက အားကောင်းနေချိန်ဖြစ်တယ်။ မဟာမိတ်လက်နက်ကိုင်တွေ အားကောင်းနေချိန်ဖြစ်တယ်။ ဗကပခွဲထွက် လက်နက်ကိုင်တွေနဲ့ ထိုင်း-မြန်မာနယ်စပ်လက်နက်ကိုင်တွေ ပေါင်းသွားရင်ဆိုတဲ့ အတွေးဟာ အာဏာရှင် ဦးနေ၀င်းကို ငယ်ထိပ်သွေးတက်သွားစေတယ်။
ဒီမှာတင် ဗိုလ်ချုပ်ခင်ညွန့်နဲ့ လော်စစ်ဟန် လော်စစ်မင်း အောလစ်ယန်း ဗိုလ်ချုပ်အောင်ကြီးတို့ကို ကြားပွဲစားလုပ် တက်သုတ်ရိုက် ငြိမ်းချမ်းရေးလုပ်ခဲ့တာ ဖြစ်တယ်။ နောက်ပိုင်း တခြားလက်နက်ကိုင်မျိုးစုံနဲ့ပါ ပုံစံအမျိုးမျိုးနဲ့ ငြိမ်းချမ်းရေးလုပ်တယ်။
“အခြေခံဥပဒေထဲက
အရေးပါတဲ့ (လူတွေ လက်မခံတဲ့) ပုဒ်မတွေ ပြင်မယ်ဆိုရင် ဘယ်လိုမှ ပြင်မရအောင်
စစ်ဗိုလ်အမတ် ၂၅ % နဲ့ တမျိုး ဥပဒေနဲ့တဖုံ ဒိုင်းတွေ လွှားတွေ
မျိုးစုံကာထားပြီးဖြစ်တယ်။ ဒါကြောင့် လက်နက်ကိုင်အသွင်ပြောင်းပါတီတွေ
လွှတ်တော်နိုင်ငံရေးထဲ ၀င်လာဖို့ ဦးသိန်းစိန်အစိုးရက ရဲရဲတင်းတင်း
မြှောက်ပေးပြီး ထောင်ချောက်ဆင်နေတာသာဖြစ်တယ်။”
No comments:
Post a Comment